

ဒေါက်တာ စိုးမြင့်အေး
ပါမောက္ခချုပ်
စစ်ကိုင်းတက္ကသိုလ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး၊ ဒုတိယသမ္မတကြီး နဲ့ နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး တရားဝင် ခွင့်ပြုအမိန့်စာကို ၂၀၁၂ ခုနှစ် မတ်လ(၉)ရက်နေ့မှာ ထုတ်ပြန်ပေးပို့ခဲ့ပါတယ်။ စစ်ကိုင်းခရိုင် အတွင်းမှ လူငယ်များ အဆင့်မြင့်ပညာများကို အခက်အခဲမရှိ ဆက်လက်သင်ကြားနိုင်ရေးကို ရည်ရွယ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး တွေးခေါ်မြော်မြင်ဉာဏ်နှင့်ပြည့်စုံပြီး တီထွင်ဖန်တီး နိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံ့သားကောင်း လူသားအရင်းအမြစ်များ မွေးထုတ်ပေးသော တက္ကသိုလ်ဖြစ်ရန် စစ်ကိုင်းတက္ကသိုလ်က ကြိုးစားလျက်ရှိပါတယ်။
ခေတ်စနစ်နှင့်ကိုက်ညီသောသင်ရိုးညွှန်းတမ်းများနှင့် အရည်အသွေးပြည့်မီ ထိရောက်သော သင်ကြားသင်ယူမှုစနစ်များဖြစ်စေရေး၊ သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းရှိသည့် တက္ကသိုလ်ဖြစ်စေရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ပညာကိုအစဉ်တန်ဖိုးထားသူ လူငယ်လူရွယ်၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့လေ့လာသင်ယူနိုင်မည့် အစီအစဉ်များတွင်ပါဝင်ပြီး အရည်အသွေးပြည့်ဝသော၊ ကိုယ်ကျင့်တရားနှင့် ပြည်စုံသော၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ သဘာဝအရင်းအမြစ်များကို တန်ဖိုးထားတတ်သောသူများအဖြစ် မိမိကိုယ်မိမိ လေ့ကျင့်ပျိုးထောင်နိုင်ပါမည်။
စစ်ကိုင်းတက္ကသိုလ်တွင် ပညာသင်ကြားလျက် မိမိတို့လေ့လာသင်ယူသည့် ဘာသာရပ်ဆိုင်ရာ နယ်ပယ်များကို ပိုမိုဖွံ့ဖြိုး တိုးတက်စေမည့် သုတေသနများ၊ ဒေသအကျိုးပြုသုတေသနများ၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ၊ သဘာဝအရင်းအမြစ်များကို ဖော်ထုတ်သော သုတေသနများ ဆက်လက်ဆောင်ရွက်နိုင်ကြရန် ဖိတ်ခေါ်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်။
ပါမောက္ခချုပ်
စစ်ကိုင်းတက္ကသိုလ်